ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စားအုန်းဆီများ ဈေးသက်သာစွာ ရောင်းချပေးလျက်ရှိ

Powered by Drupal

           မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် တောင်ကြီးမြို့နေ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် (၁၅.၈.၂၀၂၂) ရက်နေ့တွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဈေး၊ တောင်ကြီးမြို့မဈေး၊ အမှတ်(၅)ဈေး၊ 212 ဈေး(ရဲဘော်ဈေး)၊ ဘူတာဈေးတို့တွင် စားသုံးသူပြည်သူများကို တစ်ဦးလျှင် (၁)ပိဿာနှုန်း၊ (၁)ပိဿာလျှင် (၄၁၀၀)ကျပ်နှုန်းဖြင့် စားအုန်းဆီများကို  ဈေးကားများဖြင့် လှည့်လှည်ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနများ ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ဈေးကား(၁)စီးလျှင် ဆီ (၆) ပေပါ တင်ဆောင်ပြီး ပိဿာချိန် (၆၆၀)နှင့် စုစုပေါင်း ကား(၅)စီး၊ ပေပါ(၃၀)၊ ပိဿာချိန် (၃၃၀၀)ကို ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)