ပခုက္ကူမြို့၊ ကုန်စိမ်းသီးနှံဈေးကွက်တွင် ရုံးပတီသီးနှံဈေးတက်ပြီးအရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မနှင့် ကျွန်းဦး၊ ကျွန်းညို၊ စံပယ်ကုန်း၊ ဆယ်ရွာ၊ ကုက္ကိုလှ၊ နန်းတော်ရပ် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရလွယ်ကူသော စားဖိုဆောင်သီးနှံ ရုံးပတီသီးကို တပိုင်တနိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ရုံးပတီသီးနှံမှာ (၃)ရက်ခြားတစ်ကြိမ်ခန့် ဆွတ်ခူးရကြောင်း၊ ယခု အချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ခင်းများမှ ရုံပတီသီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့သီးနှံဝင် ရောက်မှုနည်းခြင်းကြောင့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ဈေးမှာ တောင်သူလက်ကားရောင်းဈေး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် ဖောက်သည် ပေးသွင်းရပြီး လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၀၀၀)ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ ဝယ်ယူကြခြင်းအပြင် ပခုက္ကူမြို့ပေါ်ရှိ သီးနှံ ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံ ဖြစ်၍ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)