
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပွဲစားများစုစည်း၍ ဈေးနှုန်းသတ် မှတ်ပြီး ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ရေစကြိုမြို့၊ ပွဲရုံများ၌ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀)၊ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၃၀၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၈၂၀၀၀)၊ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၉၅၀၀၀)၊ ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၇၅၀၀၀) ဖြစ်ပြီး ပဲမျိုးစုံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ အနည်း ငယ်ကျဆင်းနေသော်လည်း လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ရောင်းဝယ်မှုအနေဖြင့် ဇူလိုင်လ(တတိယပတ်)အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၅၀)၊ နှမ်းဖြူ တစ်တင်းဝင်အိတ် (၂၀၀) အများဆုံးအရောင်းအဝယ်ဖြစ်ပြီး မတ်ပဲ တစ်တင်းဝင်အိတ် (၁၂၀)၊ ကုလားပဲ(V2) တစ်တင်းဝင်အိတ် (၁၀၀)၊ ကုလားပဲ (929) တစ်တင်းဝင်အိတ် (၁၂၀)၊ ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မကွေး)