ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသက်သာစေရန် စားအုန်းဆီတစ်ပိဿာ(၄၂၀၀)ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချ

Powered by Drupal

           စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ၊  စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချစေခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်   ဝယ်ယူ၍ မြို့နယ်အတွင်းနေ   စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်   စားသုံးဆီတစ်ပိဿာလျှင်(၄၂၀၀)ကျပ်နှုန်းဖြင့်  ရပ်ကွက်ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်၍ (၆)ရက်တာကာလရောင်းချပေးခဲ့ပါကြောင်း၊ တစ်အိမ်ထောင်စုလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ရာ တစ်ရက်လျှင်စားသုံးဆီ(၁၃၂၀)ပိဿာဖြင့် ပိဿာ ချိန်ပေါင်း(၇၉၂၀)ပိဿာ ရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။ ယခုလို စားသုံးဆီလှည့်လည်ရောင်းချမှုအား စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင်၊ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊လာမည့်သီတင်းပတ်များတွင်လည်း ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ရပ်ကွက်၊ကျေးရွာများသို့ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌ ဦးဝင်းဇော်ဦး ဦးဆောင်၍ယခုလို Mobile စနစ်ဖြင့် ဆက်လက်၍ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)