ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် တို့ဟူးများပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ “မြို့မဈေး”၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း လက္ကားတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ တို့ဟူးစိမ်းလက်လီ တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ တို့ဟူးစိမ်း (၅၀)ကျပ်သားလျှင်(၁၄၀၀)ကျပ်၊ တို့ဟူးစိမ်း(၁၀)ကျပ်သား လျှင်(၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။       

DOCA(စစ်ကိုင်း)