ကန့်ဘလူမြို့တွင်ရောင်းချနေသော ပဲတီပင်ပေါက်နှင့် ပဲတီပင်ချဉ် ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချသည့်အပြင်၊ ဒေသထွက်ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကားတစ်ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၇၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ပဲတီပင်ပေါက်နှင့် ပဲတီချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)