ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့် ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်နှင့် ငရုပ်သီးမှုန့် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငရုပ်သီးခြောက်နှင့် ငရုပ်သီးမှုန့်ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွား ကြောင်း ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)