
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးနှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်များကိုဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူရောင်းချလျက်ရှိရာ ကြက်သား ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင် အကင်ဆိုင်များမှ အများဆုံးအသုံးပြုကြသည့်အတွက် ရောင်းအားကောင်းလျက်ရှိပါကြောင်း ကြက်သားရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)