ကျွန်းလှမြို့နယ်အတွင်းမှ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ဒေသထွက်ဖြစ်သည့်  သရက်သီးစိမ်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။

    ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၀၀/၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်း အနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သရက်သီးစိမ်း ရှားပါးလာပြီ ဖြစ်သည့်အတွက် သရက်သီးစိမ်း ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)