မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။

     ၂၀၂၅ခုနှစ်တွင် ဇူလိုင်လတွင် မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၁၅၀၀)ကျပ်ရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)