ဈေးအနည်းငယ်ကျသည့်မန်ကျီးသီးစိမ်းနှင့် ပဲလင်းမြွေသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီစာသီးနှံဖြစ်သည့် မန်ကျီးသီးစိမ်းနှင့် ပဲလင်းမြွေသီးများကို စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဇွန်လ၏ လလည်တွင်  စတင်ပေါ်ပြီး  ပေါ်ခါစတွင် ရောင်းချသော ပေါ်ဉီးပေါ်ဖျား ရာသီစာမန်ကျီးသီးဈေးနှုန်းမှာ  နို့ဆီဗူး (၁)ဗူးလျှင် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခုအချိန်တွင် မန်ကျီးသီးစိမ်းများမှာ လှိုင်လှိုင်ပေါ်၍ ဈေးအနည်းငယ်ကျသဖြင့်  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မန်ကျီးသီးစိမ်းမှာ (၁)ဘူးလျှင် (၁၅၀ဝိ/-ကျပ်ဖြင့် ဈေးကျလျက်ရှိပြီး ပဲလင်းမြွေသီးမှာ မေလတွင် စတင်ပေါ်၍ ပေါ်ခါစ ပဲလင်းမြွေသီး ဈေးနှုန်းမှာ (၁)တောင့်လျှင် (၇၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါ်၍  ၂၀၂၅ခုနှစ်၊ ဇူလှိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပဲလင်းမြွေသီး ဈေးနှုန်း မှာ (၁)တောင့်လျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)