မကွေးမြို့တွင် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ မြင့်တက်လျှက်ရှိ

Powered by Drupal

            မကွေးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့်  ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အားအပါတ်စဉ် ဈေးကွက်စုံစမ်း၍ စာရင်းပြုစုတင်ပြလျက်ရှိရာ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများ‌သော ဓါတ်မြေသြဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲ ဖြစ်ကြပြီး စျေးနှုန်းများမှာ ဩဂုတ်လယခင်ပထမအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်ရှိပြီး ယခုဒုတိယအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်ဖြစ် ၍ (၁၀၀၀၀)ကျပ် စျေးတက်၊ MC (50kg) တစ်အိတ်လျှင် ယခင်အပတ်(၁၀၀၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၁၁၀၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀၀) ကျပ်စျေးတက်၊ တက်တိုး (၁၅:၇:၈) တစ်အိတ်လျှင် ယခင်အပတ် (၇၈၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၈၅၀၀၀)ကျပ်ဖြစ်၍ (၇၀၀၀)ကျပ်စျေးတက်၊ ရွှေပုလဲ(မြင်းကျား) တစ်အိတ်လျှင် ယခင်အပတ် (၅၅၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၆၀၀၀၀)ကျပ်ဖြစ်၍ (၅၀၀၀)ကျပ်စျေးတက်ခဲ့၍ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

          လူသုံးများသောပိုးသတ်ဆေးများမှာလည်း ဆိုင်ကလုံး၊ ကင်ရွန်နှင့် အီရာပရိုသရင်းတို့ဖြစ်ပြီး ပိုးသတ်ဆေးစျေးနှုန်းမှာ ဆိုင်ကလုံး(၅၅၀ EC)တစ်ဗူးလျှင် ယခင်(၁၆၀၀၀) ကျပ်ဖြစ်ပြီး ယခုအပတ် (၁၈၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ် စျေးတက်၊ ကင်းရှန့်(၅၅၀-EC)တစ်ဗူးလျှင် ယခင်အပတ် (၁၉၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်(၂၁၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ် စျေးတက်၊  အီရာပရိုသရင်း(၅၀ -CC)တစ်ဗူးလျှင် ယခင်အပတ်(၁၆၅၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၁၈၀၀၀)ကျပ်ဖြစ်၍ (၁၅၀၀)ကျပ် စျေးတက်ခဲ့ပြီး မြေဩဇာနှင့်ပိုးသတ်ဆေးတို့မှာ ဝါဆိုမြေပဲနှင့် ပဲတီစိမ်း၊ ပဲလွန်းစိုက်ပျိုးရာသီဖြစ်၍ အရောင်းအဝယ်မြင့်တက်လျှက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)