
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိရာ၊ ကန့်ဘလူမြို့နယ်တွင် ရာသီပေါ် ခဝဲသီးနှင့် ရုံးပတီသီးများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရ သည်။
ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့် ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရုံးပတီသီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ရုံးပတီသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ ယခုပတ်အတွင်း ခဝဲသီးဈေးနှုန်းနှင့် ရုံးပတီသီးဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)