တနင်္သာရီတိုင်းဒေသကြီး စားသုံးသူကာကွယ်ရေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

           တနင်္သာရီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးသည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် (၁၀:၀၀)တွင် ရေဖြူမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ဇာထိုး၊ ပန်းထိုး သင်တန်း၌ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်း သင်တန်းတစ်ချိန်(၄၅)မိနစ်ခန့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။                  

             အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန ၊တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းတက်ရောက်သော သင်တန်းသူ(၁၁)ဦးအား စားသုံးသူ၏အခွင့်အရေး( ၈ )ချက်နှင့် စားသုံးသူ၏တာဝန်များ ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်း‌စာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)