တောင်ငူမြို့ပေါ်တွင် ရာသီအလိုက် သစ်သီးဝလံရောင်းချသည့် ဆိုင်များ ပေါများလှပါသည်။ ယခုအခါတွင် နာနတ်သီးကာလဖြစ်သဖြင့် နာနတ်သီးများကိုလည်း သစ်သီးဆိုင်တိုင်းတွင် တွေ့ရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ကိုယ်တိုင်စိုက်ပျိုးပြီး တောင်ငူမြို့တွင် လာရောက် ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သီပေါမြို့မှ တောင်ငူမြို့သို့လာရောက် ရောင်းချရာတွင် ၆ ဘီး ကားတစ်စီးလျှင် နာနတ်သီး အလုံး ၁၀၀၀၀ ခန့်ပါကြောင်း၊ လမ်းခရီး ၃၆ နာရီခန့် ကြာကြောင်း၊ နာနတ်သီးတစ်ပင်လျှင် ၃ လုံးမှ ၄ လုံးအထိ ထွက်ကြောင်း၊ နာနတ်သီး အသေး(၁)လုံး လျှင် ၃၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၅၀၀ ကျပ်နှင့် အကြီး (၁)လုံးလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။
ဒေသအလိုက် ကျောက်စိမ်းသီး ဟူ၍လည်း အခေါ်အဝေါ်ရှိပါကြောင်း ၊ ဖြူးမြို့ မြို့မအနောက်ရပ်ကွက်၊ ကော်ပတ်ခြံ(၃)လမ်းတွင်လည်း ပွဲရုံရှိပြီး ရာသီအလိုက် ထွက်ရှိသော သီးနှံမျိုးစုံများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)