
ပြင်ဦးလွင်မြို့နယ်တွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရောင်းချနေသော ဆန်ဆိုင်များအား မြန်မာဆန်စပါးအွန်လိုင်း (MyRO)တွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက် လျှက်ရှိရာ ဒေါ်ခင်မာမြင့်(ရတနာရွှေမိုး)ဆန်ဆိုင်သို့ ကွင်းဆင်း၍ ဆန်ရောင်းချမှု ၊ သိုလှောင်ထားရှိမှု၊ သယ်ယူမှုအခြေအနေများ ၊ ပြည်တွင်းဆန်စျေးတည်ငြိမ်ရေး ၊ ပြည်ပသို့ဆန်တင်ပို့မှုစနစ်တကျ သတ်မှတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျှက် ဆန်စပါးကဏ္ဍတွင် ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများ အား ဝန်ထုတ်ဝန်ပိုးနှင့်ထိခိုက်မှုမရှိစေရေးအတွက်လည်းကောင်း ၊ စျေးကစားလိုသည့် ရည်ရွယ်ချက် ဖြင့်သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သည့်လုပ်ငန်းများကိုထိန်းကျောင်းဆောင်ရွက်ရေးတို့အတွက်ဆန်စပါးသိုလှောင်ရုံ(MyRO)တွင် မှတ်ပုံတင်ရာတွင် လိုအပ်သည့်အချက်များအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)