ဖြူးမြို့နယ်မှ မိရိုးဖလာ ဆန်ကောဆန်ခါလုပ်ငန်း

Powered by Drupal

               တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လင်းယောခင်ကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက် ဆန်ကော၊ ဆန်ခါလုပ်ငန်းဖြင့် အသက်မွေးသူများ များပြားလှပါသည်။ ၎င်းကျေးရွာမှ ပြုလုပ်သော ဆန်ကော၊ ဆန်ခါများမှာ လက်ရာသေသပ် ကောင်းမွန်သောကြောင့် ဒေသတွင်းတွင် နာမည်ရလျှက်ရှိပါသည်။

              ဆန်ကော၊ ဆန်ခါပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ တင်းဝါးနှင့်ကြိမ်များ ဖြစ်ပါသည်။ ဆန်ကော၊ ဆန်ခါပြုလုပ်ပုံအနေဖြင့် တင်းဝါးကိုနှီးဖြာ၍ မီးမြိုက်ပြီး ဆန်ကော၊ ဆန်ခါ အဖြစ် ယက်လုပ်ရပါသည်။ ဆန်ခါကို ဝါးကြောဖြင့် ယက်လုပ်ရပါသည်။ ထို့နောက် တင်းဝါးကိုဘဲ စိတ်ဖြာ၍ အပြင်တစ်ထပ်၊ အတွင်းတစ်ထပ်ခွေ၍ အနားသတ်ပြီးလျှင် ပြီးပြည့်စုံသည့် ဆန်ကော၊ ဆန်ခါကို ရရှိပါသည်။

              တင်းဝါးလေးလုံးနှင့် ကြိမ်တစ်စည်းလျှင် ဆန်ကော၊ ဆန်ခါ ၁၀ ချပ်ခန့် ရရှိကြောင်း သိရပါသည်။  ဆန်ကော၊ ဆန်ခါများအား ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ကျောက်တံခါး၊ ညောင်လေးပင်စသည့် ဒေသတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချရကြောင်း လင်းယောခင်ရွာမှ ဆန်ကော၊ ဆန်ခါ လုပ်ငန်း လုပ်ကိုင်သူ မမိုးစန္ဒာ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)