နွားထိုးကြီးမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တာဝန်ခံ ဦးသန်းအေး(ဒု-ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၁၁.၈.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပါတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအ စားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ဆက်သွယ်တိုင်ကြားနိုင်သည့်အခြေအနေများနှင့် စားသုံးသူပြည်သူ များ ဆက်သွယ်တိုင်ကြားနိုင်ရန် Call Center ဝန်ဆောင်မှုအားလည်း ဖွင့်လှစ်ထားရှိထားပြီး  Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆို၍ဆက်သွယ်‌မေးမြန်း တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)