“ သုံးခွမြို့နယ် အမှတ်(၂)အခြေခံအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြော”

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရှိရသည်။

       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ဆွေဆွေဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အခြေအနေ များအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစွမ်းခိုင်မှ လူငယ် နှင့်အားကစားလှုပ်ရှားမှုများအကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာ ရှိ ဒေါ်တင်တင်ထွေးမှ လူငယ်နှင့် အာဇာနည်စိတ်ဓာတ်အကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ ဌာန၏ ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် စပ်လျဉ်း၍ အသင့်ထုပ် ပိုးထားသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြပါရှိရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၉၅)ဦး ဖြစ်ကြောင်း ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)