“ သန်လျင်မြို့နယ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့မှ ဝန်ထမ်းများသည် ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချသည့် ရွှေအိုးဆေးဆိုင်သို့ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး) က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် ဆေးနှင့် ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးတို့အတွက် တစ်လလျှင်(၂)ကြိမ် တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ တင်ပြရှိပါ ကြောင်း ပြောကြားခဲ့ပြီး ဆေးဆိုင်များအနေဖြင့်လည်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြု လုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)