“ ခရမ်းမြို့နယ်ရှိဆေးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင် များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ဇူလိုင်လ (၂၂)ရက်နေ့၊ နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော လူသုံးများ သောဆေးဝါးများနှင့် နာတာရှည်ရောဂါသည်များ သောက်သုံးသော နှလုံးဆေး၊ သွေးပေါင်ကျ ဆေး၊ အာရုံကြောဆေး၊ ဆီးချိုဆေး၊ ကျောက်ကပ်ဆေး၊ အသည်းဆေး၊ အကိုက်အခဲပျောက်ဆေး၊ အရိုးကြောဆေးများ၊ အားဆေးများ၊ လေဆေး၊ ရင်ကြပ်ပျောက်ဆေး၊ ဝမ်းပျက်ဝမ်းလျော ရောဂါကာကွယ်ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများ၏ ကုမ္ပဏီမှ ဝယ်ယူမှုအခြေအနေ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်း ကွာခြားမှုရှိ/မရှိနှင့် ဆေးပစ္စည်းများ ဆိုင်တွင်လက်ကျန် ကျန်ရှိမှု အခြေအနေများကို စစ်ဆေးခဲ့ ပြီး မြို့နယ်တာဝန်ခံမှ ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ စပ်ဆေးများအားလည်း မရောင်းချကြရန်နှင့် အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာ ရောင်းချကြရန်တို့အား အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)