ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်း”

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ မန္တလေးတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်း ၂၀၂၅ - ၂၀၂၈ သက်တမ်းကာလအတွက် အမှုဆောင်အဖွဲ့ဝင်များ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကျောက်ဆည်မြို့နယ်၊ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမှု အခမ်းအနားအား ဇူလိုင်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် မြန်မာနိုင်ငံဆန်စက်ပိုင်ရှင်များအသင်း၏ လက်ရှိအမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၅ခုနှစ်၊ဇူလိုင်လတွင် (၃)နှစ်သက်တမ်း ပြည့်မည်ဖြစ်ပါသဖြင့် ၂၀၂၅ - ၂၀၂၈ သက်တမ်းကာလ အတွက် အမှုဆောင်အဖွဲ့ဝင်များကို ပြန်လည်ရွေးချယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊အသင်းအဝင်များ အကျိုးအတွက် စိတ်အားထက်သန်စွာဆောင်ရွက်‌ပေးနိုင်မည့် အမှုဆောင်ကိုယ်စားလှယ်များကို အများဆန္ဒနှင့်အညီ ‌ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက် ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်လွင်မှ ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကိုအကျယ်တဝင့်ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် တက်ရောက်လာသော ဆန်စက်လုပ်ငန်းရှင်(၂၉)ဦး၏ သဘောတူညီချက်အရ ကျောက်ဆည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား အလုပ်အမှုဆောင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)