မြိတ်မြို့ပေါ်ရှိ သစ်သီးဝလံဈေးနှုန်း/ဈေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးများနှင့် လမ်းဘေးသစ် သီးဆိုင်များတွင် ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများရောင်းချလျက်ရှိကြောင်း သိရှိရပါ  သည်။

          ယခု၂၀၂၅ခုနှစ် ဇူလိုင်စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး တစ်ဆယ်သားလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးအကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ပန်းသီးအငယ်တစ်လုံး လျှင် (၁၀၀၀)ကျပ်၊ ပျားလိမ္မော်ကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၂၀၀၀) ကျပ်၊ သရက်သီးအကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ သရက်သီးအငယ်တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ လိုင်ချီး နို့စည်ဗူးတစ်ဗူးလျှင် (၂၀၀၀)ကျပ်၊ လော်ကော်သီး တစ်ဆယ်သားလျှင် (၂၀၀၀)ကျပ်၊ မက် မွန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ဖရဲသီးအကြီး တစ်လုံးလျှင် (၇၀၀၀)ကျပ်၊ နာနတ်သီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ကျွဲကောသီးအကြီးတစ်လုံး လျှင်(၁၀၀၀၀)ကျပ်နှင့် ကျွဲ‌ကောသီးအငယ်တစ်လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းချနေ ကြောင်း မြိတ်မြို့ စည်ပင်သာယာဈေးကြီးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိ ရပါသည်။

DOCA( တနင်္သာရီ)