ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော ပန်းသီးနှင့် ပန်းသစ်တော်သီးဈေးနှုန်း

Powered by Drupal

 

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် သစ်သီး မျိုးစုံရောင်းချလျက်ရှိရာ ပန်းသီးနှင့် ပန်းသစ်တော်သီးများလည်းရောင်းချလျက်ရှိကြောင်း သိရှိရ သည်။ ပန်းသီးနှင့် ပန်းသစ်တော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက် ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် စားသုံးသူများ ကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာပေးစွမ်းသည့်အတွက် စားကြည့် မိသူတိုင်း ကြိုက်နှစ်သက်ကြကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပန်းသစ်တော်သီး ဈေးနှုန်း များမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။