ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နာနတ်သီးနှင့် ဖရဲသီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီးတစ်မျိုးဖြစ်သည့် နာနတ်သီးနှင့် ဖရဲသီးများရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ်အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်တွင် ဖရဲသီးကို မန္တလေးမြို့သစ်သီးပွဲရုံမှလည်းကောင်း၊ နာနတ်သီးများကို မန္တလေးသစ်သီးပွဲရုံနှင့် မြစ်ကြီးနားသစ်သီးပွဲရုံများမှမှာယူ၍ ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မန္တလေးနာနတ်သီးတစ်လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ မြစ်ကြီးနားသီးတစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးကို လူကြီးလူငယ်မရွေး စားသုံးကြကြောင်း၊ ချဉ်ပေါင်းသည်များကလည်းဝယ်ယူကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖရဲအကြီး(၁)လုံးလျှင် ( ၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)