
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀၊ ၄၈၀၀၊ ၅၀၀၀)ဈေးရှိပြီး တစ်လုံးလျှင် ကျပ်(၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်သည့် အပြင် စားသောက် ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်း ဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)