
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံ များ နှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်များကို ကမ်းနား ဈေးနှင့်အခြားဈေးငယ်များတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် တတိယပတ်အတွင်း ကန်စွန်း ရွက်(၁)စည်းလျှင်(၃၀၀)ကျပ်၊ ကန်စွန်းရွက်(၂)စည်း လျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ၊ကန်စွန်း ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အ ထောင်းစုံရောင်း သည့်ဆိုင်များမှ ဝယ်ယူကြသဖြင့်ကန်စွန်းရွက်များ အရောင်းအဝယ်သွက်လျက်ရှိ ကြောင်းကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)