တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ဒညင်းသီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

   ဒညင်းသီးပင်ကို တနင်္သာရီ၊ ကရင်၊ ပဲခူး၊ မော်လမြိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ် တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူး စားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အတွင်း ထားဝယ်မြို့တွင် ဒညင်းသီး(၁)လုံးလျှင် (၁၀၀)ကျပ်၊ (၁၂)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီး များကို ဒေသအတွင်းမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)