
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းသို့ ရန်ကုန်ကုန်စည်ဒိုင်မှ ထိုင်ဝမ်ခရမ်းချဉ်သီး များ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှ သည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိ ရှိရသည်။
ခရမ်းချဉ် သီးဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လမှစ၍ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ကျပ်(၃၅၀၀-၄၀၀၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ခရမ်းချဉ်သီး စိုက်ပျိုးထားရှိသော စိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်း ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးကျဆင်းခြင်း မရှိဘဲ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ထားဝယ်မြို့ ကုန်စိမ်းသီးနှံရောင်း ဝယ်ရေးဈေး ကွက်မှ သိရှိရသည်။
DOCA(တနင်္သာရီ)