
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တာဝန်ခံက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ ဆောင်ရွက် နေသည့်လုပ်ငန်းများ အကြောင်းအားလည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းတစ်ဦးက စားသုံး သူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ် ပေါ်ပါက ဖြေရှင်းပေးနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)အား ဖွင့်လှစ်ထားရှိပြီဖြစ်၍ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နေရာများ အကြောင်းအားလည်းကောင်း၊ စီမံ(ဝန်ထမ်း)တာဝန်ခံက ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအကြောင်းအားလည်းကောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံး သူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)