မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်သည် ပဲစင်းငုံသီးနှံမှ အဓိကစိုက်ပျိုးထွက်ရှိသော ဒေသဖြစ် သဖြင့် ယခုအခါ ပဲစင်းငုံနီ လက်ကျန်များမှာ လှောင်လက်သမားများထံတွင်သာ ရှိကြောင်း၊ ပဲစင်း ငုံနီကို ရန်ကုန်ဝယ်လက်မှ ယခင် တစ်တင်းလျင် ၈၇၀၀၀/-ကျပ်ဖြင့် ဝယ်ယူရာ ယခုတစ်ပတ်အတွင်း တစ်တင်းလျင် ၈၈၀၀၀/-ကျပ်ဖြင့် ပေး၍ ဝယ်ယူလျက်ရှိသော်လည်း အရောင်းအဝယ်အေးလျက် ရှိပါသည်။ လှောင်လက်သမားအချို့မှာ ငွေလိုသလောက်သာ ရောင်းချပြီး လှောင်လက်သမားကြီး များမှာ တက်ဈေးမျှော်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)