မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာသစ်ရပ်ကွက် အထက(ခွဲ)ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း ၍ (၁၆.၈.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက် အထက (ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှှင့်တာဝန်များ၊ လုပ်ငန်းရှင် ၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဆောင်ရွက် ချက်များအား ရှင်းလင်းဆွေးနွေးပြီး၊ ကျောင်းသား/ကျောင်းသူများ မှတ်မိလွယ်စေသော အစားအသောက်နှင့်ပတ်သက်၍ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း ဓါတုဆိုးဆေး များ လွန်ကဲစွာအသုံးပြုထားသော အစားအသောက်များ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအကြောင်း အသေးစိတ်ဟောပြောခဲ့ပါသည်၊ ထို့နောက်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)(ဆ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို သိရှိနားလည်သဘောပေါက်လွယ်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၃)ဦး၊ ကျောင်းသား/သူ(၂၅၀)ဦး၊ စုစုပေါင်း(၂၇၃)ဦး တက် ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)