
၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (အသစ်) ၁ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်နီ( အဟောင်း) ၁ပိဿာလျှင် ( ၁၅၀၀)ကျပ်မှ ( ၁၈၀၀)ကျပ်ထိ အရွယ်အစားအလိုက် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချနေကြောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) ၁ပိဿာလျှင် ( ၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)