
ရွှေဘိုမြို့ရှိ ဈေးများတွင် ဂျင်းတက်များကို ရောင်းချလျက်ရှိရာ ဂျင်းတက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဂျင်းတက်သည် အစာအ ဟာရအဖြစ်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်ဆေးအဖြစ်သော်လည်းကောင်း အသုံး ပြုကြပြီး ဂျင်းလက်ဘက်ရောင်းချသူများမှလည်း ဂျင်းပေါက်အဖြစ်ပြန်လည်ရောင်းချရန် ဝယ်ယူကြကြောင်း သိရှိရပါသည်။
ယခင်အပတ်တွင် ဖြစ်ပေါ်နေသော ဂျင်းတက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ဂျင်းတက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်ဖြစ်သဖြင့် ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်လျှင် ဂျင်းတက်ဈေးနှုန်းမှာ (၂၀၀ဝိ/-)ကျပ် ဈေးနှုန်းကျဆင်းကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)