ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီး နှင့် လိမ္မော်သီး ဈေးနှုန်း

Powered by Drupal

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်း ကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊  နဂါးမောက်သီး အသေး တစ်လုံး လျှင်(၅၀၀/၇၀၀/၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ လိမ္မော်သီး(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် လိမ္မော်သီး(၂၅)ကျပ် သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)