တောင်ငူမြို့တွင်ဆေးဖက်ဝင်တက်ပြားဖူးများအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

 တက်ပြားဖူးများသည် မြန်မာနိုင်ငံအနှံအပြားတွင်ပေါက်ရောက်လေ့ရှိပြီး အင်းအိုင်း ၊ ချောင်း နှင့်မြစ်ကမ်းစပ်များ၊ ရေတိမ်များ၌ ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။ တစ်ချို့က ငတက်ပြားဖူး၊ ကတက်ဖူး ဟုခေါ်ကြပြီး တစ်ချို့ကဗေဒါဖူးဟူ၍လည်းခေါ်ကြပါသည်။  

     တက်ပြားဖူး၏အဖူးလေးထဲမှ အဝါရောင် ဝတ်စံလေးသည်ခါးသက်သက် အရသာရှိသော် လည်း အလွန်စားကောင်းသော ဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ တစ်ချို့ကတက်ပြားဖူးကို ကြော်၍သော် လည်းကောင်း၊ ပြုတ်၍ တို့စရာအဖြစ်သော်လည်းကောင်း၊ သုပ်စား၍သော်လည်းကောင်း နှစ်သက်ရာ စားသုံးကြပြီး ထမင်းမြိန်စေသော ဟင်းတစ်ခွက်လည်း ဖြစ်ပါသည်။

     တက်ပြားဖူးသည် နူးညံ့ပြီးအရသာရှိ၍ အာဟာရဓါတ်နှင့် ဆေးဖက်ဝင်သော အရွက် တစ်မျိုးလည်းဖြစ်ပါသည်။ တက်ပြားဖူးသည် ကျန်းမာရေးအတွက်လည်း အသုံးဝင်သည့် ဆေးတစ်မျိုး လည်းဖြစ်ပါသည်၊၊ဈေးကွက်အတွင်း တက်ပြားဖူးတစ်စီးလျှင် ၅တံပါရှိပြီး၊ ၅တံပါ ၁စီးလျှင် ၂၀၀ကျပ် ၊ ၁၀ စီး ဝယ်ယူပါက ၁၈၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(ပဲခူး)