“ ဝယ်လိုအားကောင်းခြင်းကြောင့် နှမ်းစျေးမြင့်”

Powered by Drupal

           မိတ္ထီလာခရိုင်အတွင်း နှမ်းညို၊ နှမ်းဖြူတို့မှာ ရန်ကုန်နှင့် မူဆယ်တို့မှ ဝယ်လိုအားကောင်းခြင်း စျေးမြင့်လာကြောင်း သိရသည်၊၊ နှမ်းသီးနှံ စတင်ထွက်ရှိစဉ်က တစ်တင်းလျှင် (၆၀၀၀၀ိ/-)(၆၂၀၀၀ိ/-)ရှိ ခဲ့ရာမှ ယခုအခါ နှမ်းညိုတစ်တင်းလျှင် (၇၀၀၀၀ိ/-)နှင့် နှမ်းဖြူတစ်တင်းလျှင် (၇၅၀၀၀ိ/-) ရှိကြောင်း သိရသည်။ နှမ်းညိုတစ်တင်းကြိတ်ခွဲလျှင် နှမ်းဆီ(၇)ပိဿာ အထိရရှိပြီး နှမ်းဆီစျေးမှာ တစ်ပိဿာလျှင် (၁၂၀၀၀ိ/) ရှိပါသည်။ တောင်သူများ နှမ်းသီးနှံအတိုင်းရောင်းချမှုရှိပြီး အချို့မှာ ဆီအနေနှင့် ကြိတ်၍ ရောင်းချကြပါသည်။ ဆီကြိတ်ခမှာ နှမ်းတစ်တင်းလျှင် (၅၀၀၀ိ/-) ပေးရပြီး နှမ်းဖက်ကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ယခုနှစ် နှမ်းစိုက်တောင်သူများ တွက်ခြေကိုက်ကြောင်း သိရသည်။

DOCA(မန္တလေး)