ပြည်မြို့တွင် ရောင်းချနေသော ကီလိုမာလကာသီးဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ ဦးသိန်းဝင်း၏ ဥယျာဉ်ခြံနှင့် အိမ်ခြံဝန်းထဲတွင် ကီလိုမာလကာ သီးများကို မိသားစု တစ်ပိုင်တစ်နိုင်သော် လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း၊စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ကိုယ်တိုင် ပျိုး၊ ကိုယ်တိုင် ကိုင်းကူး၍ စိုက်ပျိုးပြီး (၃-၄)လအကြာတွင် အသီးများခူးစွတ်၍ ရောင်းချနိုင်ကြောင်း သိရပါသည်။ ဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီး အသေး ပေါ်မူတည်ပြီး ရောင်းချရကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ပြည် မြို့ပေါ်ဈေးများ၊ အသီးဆိုင် များနှင့် ကျောင်းဈေးများတွင် ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)