ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့် မြေပဲနှင့် နေကြာတို့သာ ကြိတ်ခွဲနေရပြီး မြေပဲဆံနှင့် နေကြာဆံများ အရောင်းအဝယ်ဖြစ်ထွန်းကြပြီး မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျင် ( ၁၆၀၀၀၀ - ၁၈၀၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျင် ( ၄၈၀၀၀ မှ ၅၀၀၀၀ ) ကျပ် ခန့်ရှိပြီး ဆီထွက်သီးနှံများ အနေဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။
စားသုံးဆီဈေးကွက်အနေဖြင့် မြေပဲဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၂၁၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၁၉၀၀၀၀ ) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ရောင်းချလျက်ရှိပါကြောင်း ဆီကုန်သည်တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။
DOCA(စစ်ကိုင်း)