မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal

  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး) သည် ၈.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလွန်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဟောပြောရာတွင် ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ် ရေးပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အချိုရည် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိသောဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များအကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများ  Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)