
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်ပြည်တွင်း၌ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ/စက်ရုံများ/ကုမ္ပဏီများနှင့်ပြည်ပမှကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအားစားသုံးသူများကိုဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော၊ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှကာကွယ်ပေးရန် ၁၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်နှင့် အေးစေတီရပ်ကွက်ရှိ ဆီစက်နှင့်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆီစက်၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများ အနေဖြင့် စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်ရယူထားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၁/၂၀၂၁ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအားလိုက်နာဆောင်ရွက်ထားသော်လည်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆီစက်၊ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူသည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်းလိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)