မုဒုံမြို့နယ်၊ ကတုံးပေါ်ဆိပ်ကမ်းသို့ ဆီတင်သင်္ဘောရောက်ရှိ ဆိုက်ကပ်မှု

Powered by Drupal

    (၇.၈.၂၀၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Phuket ဆိပ်ကမ်းမှ (၃.၈.၂၀၂၅) ရက်နေ့တွင် ထွက်ခွာလာသော Nathalin Management Co., LTD ကုမ္မဏီပိုင် M.T SIR KHIRI CHAD အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် စက်သုံးဆီများ တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့ကြောင်း၊ အဆိုပါ စက်သုံးဆီတင်သင်္ဘော ဆိုက်ကပ်လာခဲ့ရာ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ(မွန်ပြည်နယ်)၊ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန တို့ပါဝင်သော ပူပေါင်းအဖွဲ့မှ ဆီတင်သင်္ဘောအား စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

   ရာဇာမင်းကုမ္ပဏီမှ မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုမှာ ၉.၆.၂၀၂၅ မှ ၇.၈.၂၀၂၅ အထိ တန်ချိန် ၁၄၉၂၂.၉၇၃ တန် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)