လွိုင်ကော်မြို့ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

 ၂၀၂၅  ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ငစိန်ဆန် ()ပြည်(၄၀၀၀)ကျပ်၊ (၁)အိတ်လျှင်(၉၅၀၀၀)ကျပ်၊ ဧည့်မထ(မနောသုခ)ဆန် (၁)ပြည် လျှင်(၃၅၀၀)ကျပ်၊ (၁)အိတ်လျှင်(၈၅၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ရွှေဘို) ()ပြည်(၇၁၀၀)(၁) အိတ်လျှင်(၁၇၀၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဧရာ) (၁)ပြည်လျှင် (၄၅၀၀)ကျပ်၊ (၁)အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ ရွှေရင်အေးဆန် (၁)ပြည်လျှင် (၆၀၀၀)ကျပ်၊ (၁)အိတ်လျှင် (၁၄၀၀၀၀)ကျပ်နှင့် ဇီယာရှယ် (၁)ပြည်လျှင် (၃၅၀၀)ကျပ်၊ (၁)အိတ်လျှင် (၇၅၀၀၀) ကျပ်ခန့်ရှိကြောင်း ဆန်ရောင်းချသူ များထံမှ သိရှိရပါသည်။

       ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဧည့်မထ(မနောသုခ)ဆန် (၁)ပြည် လျှင်(၃၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ရွှေဘို) ()ပြည်(၁၄၀၀) ဈေးနှုန်းကျဆင်းသွားပြီး ထိုသို့ကျဆင်းရခြင်းမှာ ဒေသအတွင်း စိုက်ပျိုးမှုများပြားလာသောကြောင့် ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ဆန်ရောင်းဝယ်သူများထံမှသိရှိရပါသည်။

DOCA(ကယား)