ဩဂုတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးနှုန်းများတည်ငြိမ်

Powered by Drupal

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဈေးတွင် ရောင်းချနေသော အသား/ငါး ဈေးနှုန်း များမှာ ယခုဩဂုတ်လ ဒုတိယအပတ်တွင် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

   သံလွင်ဈေးအတွင်းရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ မွေးမြူရေးကြက် တစ်ပိဿာ လျှင် (၁၇၀၀၀) ကျပ်၊ ဝက်သား (သုံးထပ်သား) တစ်ပိဿာ လျှင် (၃၀၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)