
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်သည် ရာသီပေါ်သီးနှံများ ထွက်ရှိသည့် မြို့နယ်တစ်ခုဖြစ် သည်။ မိုးရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ၌ ကတွတ်သီးများ လှိုင်လှိုင်ထွက်ရှိလျှက်ရှိကြောင်း သိရှိရသည်။ ကတွတ်ပင်သည် တောထဲ၌ အလေ့ကျပေါက်သည့်အပင်ကြီးမျိုးဖြစ်ရာ ဒေသခံများ က တောထဲမှ ကတွတ်သီးများကို ခူးယူကာ ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းများသို့ တစ်ပြည်လျှင် (၁၀၀၀ - ၂၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း သိရှိရသည်။
DOCA (မွန်)