
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၂၈၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ မုံရွာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၈၅၀၊ ရှယ်မှာ ကျပ် ၁၉၅၀ ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ် မုံရွာကြက်သွန်နီနှင့် ရွှေဘိုကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေး အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)