ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅)  ရက်နေ့၊ နေ့လယ်(၁၃း၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုရေးအတွက်  ရည်ရွယ်၍ ရေနံချောင်း မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။  

    ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ညွန့်မှ အမှာစကားပြောကြားပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ အစားအစာများ စားသုံးရာ၌ ရွေးချယ် ဝယ်ယူစားသုံးရမည့် အချက်များအကြောင်းအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမီအောင်က စာဖတ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူး များအကြောင်းအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ(၁၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)