
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၇.၈.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၈၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် ၃၁.၇.၂၀၂၅ ရက်နေ့တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၅၀၀ ကျပ်ခန့်ရှိ ကြောင်း၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ခန့်မှန်းခဲ့ရာ ယခုတစ်ပတ်တွင် တစ်ပိဿာကို ၇၀၀၀ ကျပ် ရှိကြောင်း၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိရာမှ ၃၂၀၀၀၀ ကျပ်ခန့်ရှိကြောင်း၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၇၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်း ခဲ့ပြီး ယခုတစ်ပတ်တွင် တန်ချိန် (၁၈၅၀၀) ဝန်းကျင်ခန့်မှန်းကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)