အင်းကောင်းကျေးရွာ၌ စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ကောက်ရိုးမှိုသည် ပျိုးမှို ဖြစ်သည့်အတွက် ရာသီမရွေး စိုက်ပျိုးရောင်းချ နိုင်သည့်အတွက် ရည်ရှည်တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ရင်းဝင်ငွေရရှိနေကြပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကောက်ရိုးပျိုးထုတ်များ၊ ဂျပ်စက္ကူများနှင့်နွားချေး၊ ကောက်ရိုးတို့ကို အသုံးပြုပြီး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကောက်ရိုးမှို(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် ကောက်ရိုးမှို(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင်များမှ ဝယ်ဘူသည့်အတွက် ဈေးကောင်းသော်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)