ဝန်ကြီးဌာနနှင့် ဦးစီးဌာနများတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများ

Powered by Drupal

            (၁၇-၈-၂၀၂၂) ရက်နေ့တွင် Diamnd Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ “ရာသက်ပန်” အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် (၃၉၀၀) ကျပ်နှုန်းဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့တွင် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ပါတယ်။

          ထိုရောင်းချမှုတွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) တွင် ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းအိမ်ယာတို့တွင် ပိဿာချိန် (၈၉၀)ရောင်းချပေးခဲ့ကြောင်း၊ ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)တွင် ပိဿာချိန် (၁၀၈၀)ရောင်းချပေးခဲ့ကြောင်းနှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂-D)တွင် ပိဿာချိန် (၄၃၀)ရောင်းချပေးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂၄၀၀) ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

          ထိုသို့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်းဖြင့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် စားသုံးဆီရောင်းချပေးနေမှုများကို အတတ်နိုင် ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးက ပြောကြားခဲ့ပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)